ကိုယ့်ဘဝမှာ လုပ်ဖို့မရည်ရွယ်ထားဘဲ ရုတ်တရက်ကြီးထလုပ်ဖြစ်တာဆိုရင် Tarot စလေ့လာတာပဲ။ Pick A Pile လေးတောင် တော်ရုံမရွေး၊ စိတ်မဝင်စားခဲ့တဲ့ စံက အခုတော့ ဒီပညာရပ်တွေအပေါ် လေ့လာချင်စိတ် ပြင်းပြလို့နေတယ်။ Calling လို့ခေါ်လား၊ Divine Timing လို့ ခေါ်လား မသိပေမဲ့ ဖြစ်ချင်တန်လို့ ဖြစ်လာခဲ့ပါပြီ။
ကဒ်တွေဖတ်ရတာ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်၊ အခြေအနေတစ်ခုအပေါ် ကဒ်ရဲ့ သင်္ကေတတွေ၊အရောင်တွေ၊ သရုပ်ဖော်ပုံတွေကို ကြည့်ပြီး သုံးသပ်ရတယ်၊ ကိုယ့်ရဲ့ အသိစိတ်ရော မသိစိတ်ပါ တစ်ပြိုင်တည်း သုံးရလို့ ခေါင်းအရမ်းသုံးရပါတယ်။ ပထမဆုံး Deck ကို ၂၀၂၆၊ ၁လပိုင်း ၆ရက်နေ့မှာ ဝယ်ခဲ့တာ ဒီနေ့အထိဆို ၈လတောင်ရှိသွားပြီ။ စစချင်းမှာ YouTube, Website တွေကနေ ကဒ်ဖတ်နည်းတွေ လေ့လာခဲ့ရာကနေ အယူအဆပိုင်းတွေကို ပိုပြီးအခြေခံပိုင်နိုင်သွားအောင်လို့ တီချယ် Anii Chann (Elysian) ဆီမှာ Holistic Tarot Foundation Program လေး တက်လိုက်ပါတယ်၊ တက်တာလည်း ရုတ်တရက်ကို တက်ပစ်လိုက်တာပါ။အဲဒီကနေ တဲရော့အပေါ် စံချဉ်းကပ်ချင်တဲ့ ရှုထောင့်ရှာတွေ့ခဲ့တယ်၊ ထပ်ပြီးလည်း လေ့လာချင်တာတွေ ရှိလာတယ်။ ဒီခရီးလမ်းအတွက် စိတ်လှုပ်ရှားထက်သန်နေမိပါတယ်။ ပြီးတော့ လိမ်ညာသစ္စာဖောက်တတ်တဲ့ သူတွေနဲ့ ကြုံရရင်သာ ကြုံရလိမ့်မယ်၊ ကဒ်တွေနဲ့ ကိုယ့်ရဲ့ဉာဏ်ပညာကတော့ ကိုယ့်အပေါ် ဘယ်တော့မှ မလိမ်ညာဘူးလို့ ယုံကြည်စိတ်လေးဝင်နေမိတယ်။ Cards never lie ✨
San
TdSAN | Sharing is Caring |
30.8.2026

Comments
Post a Comment